ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် ပုဒ်မ ၃၁ ပါ အချက်တစ်ရပ်ရပ် ဖြစ်ပေါ်ကြောင်း တစ်နည်းနည်းဖြင့် သိရှိလျှင်ဖြစ်စေ၊ ဦးစီးဌာနက အကြောင်းကြားလျှင်ဖြစ်စေ ၎င်းတို့ကို တားဆီးခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ အချိန်မီဆောင်ရွက်ရမည်။