(က) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ်ရုံးသည် ယင်း၏ သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းတစ်ခုခုတွင် ပြင်ဆင်မှု သို့မဟုတ် ပြောင်းလဲမှုတစ်ခုခုပြုလုပ်လျှင် သုံးလအတွင်း ဗဟိုဘဏ်သို့ အကြောင်းကြား ရမည်။
(ခ) ပုဒ်မခွဲ (က) ပါ အကြောင်းကြားချက်ကို ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း သို့မ ဟုတ် ကိုယ်စားလှယ်ရုံး၏ ဒါရိုက်တာတစ်ဦးက ဥပဒေနှင့်အညီ ကြေညာ၍ အတည်ပြုရမည်။