ပုဒ်မ ၃၆၄
ပုဒ်မ ၃၆၄
လူကိုသတ်ရန် ခိုးယူမှု သို့မဟုတ် သွေးဆောင်ဆွဲခေါ်မှု

မည်သူမဆို သူတစ်ဦးဦးအား သတ်ရန်သော်လည်းကောင်း၊ အသတ်ခံရမည့် ဘေးအန္တရာယ် ကျရောက်အောင် စီမံဆောင်ရွက်နိုင်ရန်သော်လည်းကောင်း ခိုးယူလျှင် သို့မဟုတ် သွေးဆောင်ဆွဲခေါ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရ မည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ဥပမာများ

(က) Z အား ယစ်ပူဇော်ရန် ကြံရွယ်၍သော်လည်းကောင်း၊ ယစ်ပူဇော်ခြင်းခံရတန်သည်ကို သိလျက်နှင့် သော်လည်းကောင်း A သည် Z ကို ပြည်ထောင်စုမြန်မာနိုင်ငံမှ အပသို့ ခိုးယူ၏။ A သည် ဤပုဒ်မတွင် အဓိပ္ပာယ်ဖော်ပြထားသော ပြစ်မှုကိုကျူးလွန်၏။

(ခ) A သည် B ကိုသတ်ရန် B ၏ အိမ်မှ B အား အနိုင်အထက် ခေါ်ဆောင်သွား၏ သို့မဟုတ် သွေးဆောင် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေ၏။ A သည် ဤပုဒ်မတွင် အဓိပ္ပာယ်ဖော်ပြသော ပြစ်မှုကိုကျူးလွန် သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ.
  5. စက်ရှင်တရားရုံး က စစ်ဆေးနိုင်သည်။