ပုဒ်မ ၂၈၂
ပုဒ်မ ၂၈၂
ဘေးမကင်းသောရေယာဉ်ဖြင့်ဖြစ်စေ၊ ဝန်ပိုတင်သော ရေယာဉ်ဖြင့်ဖြစ်စေ ရေလမ်းခရီးတွင်လူကို အခယူ၍ သယ်ယူပို့ ဆောင်ခြင်း

လူ့အသက်ကို အန္တရာယ်ဖြစ်စေသည့် အခြေအနေ၌ရှိသော သို့မဟုတ် ထိုသို့အန္တရာယ်ဖြစ်စေ လောက်အောင် ဝန်ပိုတင်သောရေယာဉ်ဖြင့် မည်သူမဆို သိလျက်နှင့်သော်လည်းကောင်း၊ ပေါ့လျော့စွာ သော်လည်းကောင်း ရေလမ်းခရီးတွင် သူတစ်ဦးဦးကို အခယူ၍ သယ်ယူပို့ဆောင်လျှင် သို့မဟုတ် သယ်ယူပို့ဆောင်စေလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်။