ဥပဒေတရပ်ရပ်အရ နည်းဥပဒေကိုဖြစ်စေ၊ စည်းမျဉ်းဥပဒေကိုဖြစ်စေ၊ စည်းကမ်းဥပဒေကိုဖြစ်စေ၊ အမိန့်ကြော်ငြာစာကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေထုတ်ပြန်နိုင်ခွင့်ရှိလျှင် ယင်းနည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ သို့မဟုတ် အမိန့်ကိုဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်းလည်းပြုနိုင်ခွင့်ရှိသည်။