ပုဒ်မ ၇၄
ပုဒ်မ ၇၄
ဘဏ်များ၏ ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အရာရှိချုပ်

(က) အစုရှယ်ယာဝင်များ၏ သင်းလုံးကျွတ် အထွေထွေအစည်းအဝေးမှ ဆောင်ရွက်ရန် ပေးအပ် သည့် လုပ်ငန်းတာဝန်များ အပြင်ဘဏ်ကဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ အားလုံး ကို ဤဥပဒေအရ ဒါရိုက်တာအဖွဲ့သည် ကျင့်သုံးဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က)အရ လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်ရန်အလို့ငှာ ဒါရိုက်တာအဖွဲ့သည် လိုအပ်သော စည်းကမ်းများကို ချမှတ်ထားရမည်။

(ဂ) ဒါရိုက်တာအဖွဲ့၏ တာဝန်များတွင် စီမံခန့်ခွဲရေးကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်းအပြင် အောက် ပါတို့ပါဝင်သည်-

(၁) ပြည့်စုံသော ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်ချမှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၂) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေး၊ ထိန်းချုပ်ကွပ်ကဲမှုစနစ်နှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၃) လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပေးအပ်ရန် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊

(၄) ကျင့်ဝတ်နှင့် ကျွမ်းကျင်မှုစံများ မြှင့်တင်ပေးမည့် အဖွဲ့အစည်းအတွင်း လက်တွေ့ကျင့်သုံးမှုနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊

(၅) ဘဏ်၏ဌာနတွင်း ထိန်းချုပ်ကွပ်ကဲမှုစနစ်ကို ချမှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၆) ဘဏ်၏ ဥပဒေနှင့် ထုတ်ပြန်သည့် နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များ လိုက်နာမှုကို သေချာစေခြင်း။