ပုဒ်မ ၆၁
ပုဒ်မ ၆၁
ပြစ်မှုနှင့်ပြစ်ဒဏ်များ

မည်သူမဆို အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ အီလက်ထရောနစ် သတင်းအချက်အလက်အား ခွင့်ပြုချက်မရှိဘဲ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ထိခိုက်စေခြင်း၊ ဥပဒေနှင့်မညီဘဲ ပေးပို့ခြင်း၊ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ဖော်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲ ခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် ကြိုးပမ်းအားထုတ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။