ပုဒ်မ ၂၃၇
ပုဒ်မ ၂၃၇
ဒင်္ဂါးအတုကို နိုင်ငံအတွင်းသို့ သွင်းခြင်း သို့မဟုတ် အပသို့ ထုတ်ခြင်း

မည်သူမဆို ဒင်္ဂါးအတုဖြစ်ကြောင်း သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန်အကြောင်း ရှိလျက်နှင့် ထိုဒင်္ဂါး အတုကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ သွင်းလျှင် သို့မဟုတ် အပသို့ထုတ်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။