ပုဒ်မ ၄၁၉
ပုဒ်မ ၄၁၉
သူတစ်ပါးအယောင်ဆောင်၍ လိမ်လည်မှုအတွက် ပြစ်ဒဏ်

မည်သူမဆို သူတစ်ပါးအယောင်ဆောင်၍ လိမ်လည်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ ပေးရမည်။
  4.  တရားရုံး၏ခွင့်ပြုချက်ရလျှင် ကျေအေးခွင့် ရှိသည်။
  5. စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။