အောက်ပါ အခြေခံအဆောက်အအုံများသည် အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက် အအုံများ ဖြစ်သည် -
(က) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက်အခြေခံ အဆောက်အအုံ၊
(ခ) အီလက်ထရောနစ်အစိုးရ (e-Government) ဝန်ဆောင်မှုစနစ် အခြေခံအဆောက်အအုံ၊
(ဂ) ဘဏ္ဍာရေးဆိုင်ရာအီလက်ထရောနစ် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၊
(ဃ) သယ်ယူပို့ဆောင်ရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၊
(င) ဆက်သွယ်ရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၊
(စ) ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၊
(ဆ) လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံအဆောက်အအုံ၊
(ဇ) ဗဟိုကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ သတ်မှတ် သည့် အီလက်ထရောနစ် သတင်းအချက်အလက် အခြေခံအဆောက်အအုံ။