ပုဒ်မ ၄၆၇
ပုဒ်မ ၄၆၇
အဖိုးတန်စာတမ်းအမှတ်အသား၊ သေတမ်းစာစသည်တို့ကို လိမ်လည်အတုပြုမှု

မည်သူမဆို အဖိုးတန်စာတမ်းအမှတ်အသား သဘောသက်ရောက်သော စာတမ်းအမှတ်အသားကို ဖြစ်စေ၊ သေတမ်းစာကိုဖြစ်စေ၊ သားမွေးစားရန် ခွင့်ပြုချက်ကိုဖြစ်စေ၊ အဖိုးတန်စာတမ်းအမှတ်အသားကို ပြုရန် သို့မဟုတ် လွှဲပြောင်းရန် သူတစ်ဦးဦးအား ခွင့်ပြုသည့် သဘောသက်ရောက်သော စာတမ်းအမှတ် အသားကိုဖြစ်စေ၊ ထိုအဖိုးတန်စာတမ်း အမှတ်အသားအပေါ်၌ ငွေရင်းကို သို့မဟုတ် တန်ဖိုးကို သို့မဟုတ် အမြတ်ဝေစုကိုရရှိသည့် သဘောသက်ရောက်သော စာတမ်းအမှတ်အသားကိုဖြစ်စေ၊ ငွေကိုသော်လည်း ကောင်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ အဖိုးတန်စာတမ်းအမှတ်အသားကို သော်လည်းကောင်း ရရှိသည့် သို့မဟုတ် ပေးအပ်သည့် သဘောသက်ရောက်သော စာတမ်းအမှတ်အသား ကိုဖြစ်စေ၊ အပြေအကြေ ပေးချေပြီးကြောင်းပြေစာ သို့မဟုတ် ပြေစာသဘောသက်ရောက်သော စာတမ်း အမှတ်အသားကိုဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ အဖိုးတန်စာတမ်းအမှတ် အသားကိုသော်လည်း ကောင်း ပေးဆပ်သည့်အတွက် အပြေအကြေ ပေးချေပြီးကြောင်းပြေစာ သို့မဟုတ် ပြေစာသဘောသက်ရောက်သော စာတမ်းအမှတ် အသားကိုဖြစ်စေ လိမ်လည်အတုပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်သော်လည်းကောင်း၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးသော် လည်းကောင်း ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။