ပုဒ်မ ၁၉
ပုဒ်မ ၁၉
ကလေးသူငယ်၏အခွင့်အရေးများ

ကလေးသူငယ်တိုင်းသည်-

(က) အသက်ရှင်သန်ရန် မွေးရာပါ အခွင့်အရေးများရှိသည်။

(ခ) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများ ခံစားခွင့်ရှိသည်။

(ဂ) မိဘနှစ်ပါး သို့မဟုတ် တစ်ပါးပါးအသက်ရှင်လျက်ရှိပါက ယင်းတို့နှင့်အတူ နေထိုင်ကြီးပြင်းရန် အခွင့်အရေးရှိသည်။

(ဃ)မည်သည့်အကြောင်းနှင့်မျှ ခွဲခြားဆက်ဆံခြင်းမခံရစေရ။

(င) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။

(စ) ကိုးကွယ်သည့်ဘာသာ၊ သာသနာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။

(ဆ) ဥပဒေအရ ခွင့်ပြုထားသော ကလေးသူငယ်ဆိုင်ရာ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ၊ လူမှုရေး သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရှိသည်။

(ဇ) ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

(ဈ) မိမိတို့၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေမည့် စာပေများဖတ်ရှုနိုင်ခွင့်၊ ဗဟုသုတ များ လေ့လာဆည်းပူးနိုင်ခွင့်၊ သတင်းများရယူနိုင်ခွင့် ရှိသည်။

(ည) အားလပ်ချိန်နှင့် ကစားချိန်များ ရပိုင်ခွင့်ရှိပြီး အသက်အရွယ်အလိုက် အားကစားလှုပ်ရှားမှုများ တွင် ပါဝင်ဆင်နွှဲခွင့်ရှိသည်။

(ဋ) ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ရှိသည်။

(ဌ) ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိပြီး ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာအတွက် ဥပဒေအရ အကာအကွယ်ရထိုက်ခွင့် ရှိသည်။

(ဍ) ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ ထိပါးခြင်း မခံရစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိသည်။

(ဎ) ပုဒ်မခွဲ (က) မှ (ဍ) အထိပါ အခွင့်အရေးများအပြင် ဤဥပဒေပါ ကလေးသူငယ်၏ အခြားအခွင့် အရေးများကို တန်းတူညီမျှစွာ ရရှိခံစားခွင့်ရှိသည်။