ဥပဒေတရပ်ရပ်တွင် အခြားနည်းဖော်ပြထားခြင်း မရှိလျှင်-
(က) ယောက်ျားကို ရည်ညွှန်းသော စကားရပ်သည် မိန်းမနှင့်လည်းသက်ဆိုင်သည်ဟုမှတ်ယူရမည်။
(ခ) ဧကဝုစ် အဓိပ္ပါယ်ရှိသည့် စကားရပ်သည် ဗဟုဝုစ်အဓိပ္ပါယ်ရှိသည့်စကားရပ်နှင့်လည်း သက်ဆိုင်သည်။ ဗဟုဝုစ် အဓိပ္ပါယ်ရှိသည့် စကားရပ်သည် ဧကဝုစ် အဓိပ္ပါယ်ရှိသည့် စကားရပ်နှင့်လည်း သက်ဆိုင်သည်ဟု မှတ်ယူရမည်။