ပုဒ်မ ၁၀၇
ပုဒ်မ ၁၀၇
အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

ဘဏ်၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များသည် အားလုံးဖြစ်စေ၊ အချို့အဝက်ဖြစ်စေ၊ အခြားသော ငွေရေးကြေးရေး အဖွဲ့အစည်းသို့ ပုဒ်မ ၁၀၄ အရ အပ်နှံခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြု ရာတွင် ဗဟိုဘဏ်သည် အများပြည်သူသိရှိနှိုင်ရန် အမိန့်ထုတ်ပြန်ကြေညာရမည်။ ယင်းအမိန့်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။