စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ ကလေးသူငယ်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် မကြာခဏ မတရားဆက်ဆံခြင်း၊ စော်ကားခြင်း၊ အလွဲသုံးခြင်း၊ စိတ်တွင် ကြိတ်မှိတ်ခံစားစေအောင် ပြုမူခြင်း သို့မဟုတ် လျစ်လျူရှုခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပြုလုပ်မှုတို့လည်း ပါဝင်သည်-
(၁) ကလေးသူငယ်ကို အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသော ပြုလုပ်မှု၊
(၂) ကလေးသူငယ်ကို ကြောက်လန့်စေခြင်း၊ ထိတ်လန့်စေခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အထီးကျန် ဖြစ်အောင်ပြုလုပ်ခြင်း၊ ဂရုမစိုက်ခြင်းတို့နှင့်ဆိုင်သည့် ပြုလုပ်မှု၊
(၃) အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် ဆိုးဝါးသော ဆက်ဆံမှုကို တွေ့မြင်ခံစားရစေခြင်း၊
(၄) ကလေးသူငယ်၏ လူ့ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့်ပုံစံဖြင့် ထိန်းသိမ်းထားရှိခြင်း၊
(၅) စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် အနိုင်ကျင့်စော်ကားခြင်း။