ပုဒ်မ ၃၈၈
ပုဒ်မ ၃၈၈
သေဒဏ်၊ ထောင်ဒဏ်နှစ်နှစ်ဆယ် စသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုမျိုးနှင့် စွပ်စွဲမည်ဟု ခြိမ်းခြောက်၍ ခြောက်လှန့်တောင်းယူမှု

မည်သူမဆို သူတစ်ဦးဦးကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ သေဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ် နှစ်ဆယ် သို့မဟုတ် ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ထိုက်သော ပြစ်မှုမျိုး ကျူးလွန်ကြောင်း သို့မဟုတ် ထိုပြစ်မှုမျိုးကို ကျူးလွန်ရန် အားထုတ်ကြောင်း သို့မဟုတ် ထိုပြစ်မှုမျိုးကို ကျူးလွန်ရန် အခြားသူ တစ်ဦးဦးကို သွေးဆောင်ရန် အားထုတ်ကြောင်း စွပ်စွဲမည်ဟု ကြောက်ရွံ့အောင်ပြု၍ ခြောက်လှန့် တောင်းယူမှုကို ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် အထက်ပါ ပြစ်မှုမျိုးသည် ပုဒ်မ ၃၇၇ အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုဖြစ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ချမှတ်နိုင်သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ

စက်ရှင်တရားရုံးက  စစ်ဆေးနိုင်သည်။