ပုဒ်မ ၉၉
ပုဒ်မ ၉၉
ထိန်းချုပ်ကွပ်ကဲမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ

(က) ဗဟိုဘဏ်က အုပ်ချုပ်သူအား ခန့်ထားသည့်အခါ ထိုအဖွဲ့အစည်း၏ ဒါရိုက်တာများ၊ အမှု ဆောင်အရာရှိနှင့် အရာရှိများသည် ဘဏ်၏ပိုင်ဆိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အသိအမှတ် ပြုစာရင်းစစ်ဆေးချက်အပါအဝင် ကိစ္စရပ်မှန်သမျှကို အုပ်ချုပ်သူအား တင်ပြရမည်။ ထို့အပြင် ဘဏ်၏ စီးပွားရေးလုပ်ငန်းနှင့် ကိစ္စရပ်အားလုံးကို လုပ်ငန်းဆက်လက် ဆောင်ရွက် နိုင်ရန်လိုအပ်သည်များကို အုပ်ချုပ်သူအား ပံ့ပို့ဖြည့်ဆည်း ပေးရမည်။

(ခ) အုပ်ချုပ်သူသည် ဘဏ်နှင့်စပ်လျဉ်းသော စီးပွားရေးလုပ်ငန်းနှင့် ကိစ္စရပ်အားလုံးကို ထိန်းချုပ်ကွပ် ကဲသည့် တာဝန်ဆောင်ရွက်ရမည်။ ထို့အပြင် ဘဏ်၏အမည်ဖြင့် ဘဏ်ကိုယ်စား ဘဏ်၏စီးပွားရေး လုပ်ငန်းနှင့် လုပ်ငန်းကိစ္စရပ်များကို အုပ်ချုပ်သူခန့်အပ်သည့် အမိန့်စာတွင် သတ်မှတ်ကာလအထိ ဖြစ်စေ၊ အမိန့်အား မပယ်ဖျက်မီအထိဖြစ်စေ ဆောင်ရွက်ရမည်။

(ဂ) ထိုအမိန့်စာ တည်မြဲနေသမျှ ကာလပတ်လုံး တည်ဆဲဥပဒေအရ သို့မဟုတ် အခြားနည်းဖြင့် ဘဏ်နှင့် ၎င်း၏ဒါရိုက်တာများ ကျင့်သုံးနိုင်သော အခွင့်အာဏာများနှင့် လုပ်ပိုင်ခွင့်များ၊ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာ စာတမ်းအမှတ်အသားများ သို့မဟုတ် သင်းဖွဲ့ စည်းမျဉ်းများ နှင့် သင်းဖွဲ့မှတ်တမ်းများအရ အဖွဲ့အစည်း၊ ၎င်း၏ဒါရိုက်တာနှင့် အစုရှယ်ယာပိုင်ရှင်များ၏ လုပ်ပိုင်ခွင့်များကို အုပ်ချုပ်သူသို့ အခွင့် အာဏာအပ်နှင်းစေရမည်။

(ဃ) အမိန့်စာအတည်ဖြစ်နေသည့် ကာလတစ်လျှောက်လုံးတွင် ဘဏ်၏မည်သည့် ဒါရိုက်တာ ၊ အမှု ဆောင်အရာရှိ သို့မဟုတ် အရာရှိမျှ အုပ်ချုပ်သူက တာဝန်ပေးသည့် သို့မဟုတ် လုပ်ပိုင်ခွင့်ပေးသည့် ကိစ္စမှအပ ဘဏ်နှင့်စပ်လျဉ်းသော အလုပ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက် ခြင်း မရှိစေရ။

(င) အုပ်ချုပ်သူကစာဖြင့် အတည်ပြုချက်ပေးသည့် ကိစ္စမှအပ မည်သည့် ဒါရိုက်တာ ၊ အမှုဆောင်အရာရှိ သို့မဟုတ် အရာရှိကိုမျှ လစာစရိတ်ခံစားခွင့်မရှိစေရ။