ပုဒ်မ ၅၀၅-က
ပုဒ်မ ၅၀၅-က
အစိုးရဝန်ထမ်းတစ်ဦးအပေါ် ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြောက် အောင်ပြုခြင်း၊ မမှန်သတင်းဖြန့်ခြင်း၊ လှုံ့ဆော်ခြင်း

မည်သူမဆို-

(က) အများပြည်သူတို့အား သို့မဟုတ် ပြည်သူတစ်စုအား အထိတ်တလန့်ဖြစ်စေလျှင် သို့မဟုတ် အထိတ် တလန့်ဖြစ်စေရန် ကြံရွယ်လျှင်၊

(ခ) မမှန်ဟုသိလျက်နှင့် သို့မဟုတ် မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်း ဖြန့်ဝေလျှင် သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်လျှင်၊

(ဂ) အစိုးရဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အစိုးရဝန်ထမ်းအမျိုးအစားတစ်ခုခု သို့မဟုတ် အစိုးရဝန်ထမ်း များအပေါ် ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်စေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တစ်ခုခုပြုလျှင် သို့မဟုတ် ယင်းသို့ပြစ်မှုကျူးလွန်စေရန် ကြံရွယ်လျှင် သို့မဟုတ် လှုံ့ဆော်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။