ဘဏ်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား လျှောက်ထားသည့်စာသည် အောက်ပါအကြောင်း တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ပယ်ချနိုင်သည်-
(က) ပုဒ်မ ၁၁၈၊ ပုဒ်မခွဲ (က)နှင့် သက်ဆိုင်သည့် အကြောင်းအချက်များ မပါရှိခြင်း၊
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ရန် လိုအပ်သော အထောက်အထားများ လျှောက်လွှာတွင် ပူးတွဲ တင်ပြမှုမရှိခြင်း၊
(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြသည့် စာတမ်းအမှတ်အသား သို့မဟုတ် အထောက်အထားသည် မှားယွင်းကြောင်း ထင်ရှားခြင်း သို့မဟုတ် တိကျခိုင်မာမှုမရှိခြင်းနှင့် ဥပဒေအရ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် အထောက် အထားနှင့် စာတမ်းအမှတ်အသားများ လျှောက်လွှာတွင် ပူးတွဲမပါရှိခြင်း၊
(ဃ) ဘဏ်ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်သည် ဗဟိုဘဏ်၏ သဘောတူညီချက်ဖြင့် လုံလောက်သော ငွေကြေးရန်ပုံငွေကို ဘဏ်အနေဖြင့် မတည်ရင်းနှီးငွေအဖြစ် ချက်ချင်းရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြနိုင် ခြင်း၊
(င) လျှောက်လွှာသည် နိုင်ငံတော်အစိုးရပိုင် ပြည်တွင်းဘဏ်တစ်ခုအတွက်ဖြစ်ပါက ဘဏ်၏ပေးရန် တာဝန်များအားလုံးကို ပေးချေမည်ဖြစ်ကြောင်း စာဖြင့်ရေးသားထားသည့် အာမခံစာကို တင်ပြခြင်း၊
(စ) လျှောက်လွှာသည် ဥပဒေ၏ အခြားသော လိုအပ်ချက်တစ်ရပ်ရပ်ကို မဖြည့်ဆည်းနိုင်ခြင်း။