ကလေးသူငယ်ညစ်ညမ်းပုံပြုလုပ်ဖြန့်ဖြူးခြင်း ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများအတွက် ရည်ရွယ်၍ တစ်စုံတစ်ယောက်က ကလေးသူငယ်ကို ကာမဆက်ဆံမှုပြုခြင်းဖြစ်စေ၊ အမှန်တကယ် ကာမ ဆက်ဆံမှုမပြုဘဲ ပုံသဏ္ဌာန်ပြုလုပ်ခြင်းဖြစ်စေ၊ ကာမဆက်ဆံပုံကို သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အင်္ဂါ အစိတ်အပိုင်းကိုဖြစ်စေ တစ်နည်းနည်းဖြင့် ညစ်ညမ်းပုံပြုလုပ်ခြင်း၊သတင်းမီဒီယာမှသော်လည်းကောင်း၊ အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ယက်များမှသော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော် လည်းကောင်း ထုတ်ဖော်ပြသခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ဆိုသည်။