(က) ဖခင်တိုင်းသည် လင်မယားကွာရှင်းသည်ဖြစ်စေ၊ မကွာရှင်းသည်ဖြစ်စေ မိမိ၏သားသမီးတိုင်း ကို စရိတ်ထောက်ပံ့ရန် တာဝန်ရှိစေရမည်။
(ခ) ပုဒ်မခွဲ (က) အရ ကလေးသူငယ်အား စရိတ်ထောက်ပံ့ရန် တာဝန်ရှိသည့် ဖခင်က လုံလောက်သော အကြောင်းမရှိဘဲ ကလေးသူငယ်အား စရိတ်ထောက်ပံ့ရန် ပျက်ကွက်ပါက ကလေးသူငယ်ကိုယ်စား မိခင် သို့မဟုတ် အုပ်ထိန်းသူက စရိတ်ထောက်ပံ့ရန် ပျက်ကွက်သည့် ဖခင်အပေါ် သက်ဆိုင်ရာ တရားရုံးတွင် စရိတ်ထောက်ပံ့ရန် လျှောက်ထားစွဲဆိုနိုင်သည်။