ပုဒ်မ ၃၄၅
ပုဒ်မ ၃၄၅
လွတ်ခွင့်အမိန့်ထုတ်ဆင့်ခြင်း ခံရပြီးသောသူကို မတရားချုပ်နှောင်ထားမှု

သူတစ်ဦးဦးအတွက် လွတ်ခွင့်အမိန့်ကို နည်းလမ်းတကျ ထုတ်ဆင့်ပြီးကြောင်း သိလျက်နှင့် မည်သူ မဆို ထိုသူအား မတရားချုပ်နှောင်ထားလျှင် ထိုချုပ်နှောင်ထားသူကို ဤအခန်းပါ အခြားပုဒ်မတစ်ခုခုအရ ထိုက်သင့်သော ထောင်ဒဏ်အပြင် နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုလည်း ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။