ပုဒ်မ ၃၃၇
ပုဒ်မ ၃၃၇
အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့်နာကျင်စေမှု

လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော် လည်းကောင်း၊ ပေါ့လျော့စွာသော် လည်းကောင်း ပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့် သူတစ်ဦးဦးအား နာကျင်စေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ. 
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်။