ပုဒ်မ ၁၃
ပုဒ်မ ၁၃
ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်

ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရယူ ပြီးမှသာ အသုံးပြုရန် ဝန်ကြီးဌာနက သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လက်ဝယ် ထားရှိလိုလျှင်ဖြစ်စေ၊ အသုံးပြုလိုလျှင်ဖြစ်စေ လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။ သို့ရာတွင် အောက်ပါတို့အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင် လျှောက် ထားရန်မလို-

(က) လုပ်ငန်းလိုင်စင်ရရှိသူက မိမိအသုံးပြုရန်ဝယ်ယူရင်းနှီးထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း၊

(ခ) လုပ်ငန်းလိုင်စင်ရရှိသူထံမှ ရယူထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း။