အွန်လိုင်းလောင်းကစားစနစ် (Online Gambling System) ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို လောင်းကစားကိရိယာအဖြစ် အသုံးပြု၍ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်း တစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်သော်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း သို့မဟုတ် သတ်မှတ်ချက် တစ်စုံ တစ်ရာအတွက်သော်လည်းကောင်း လောင်းကစားခြင်း ပြုလုပ်နိုင်သည့်စနစ်ကို ဆိုသည်။