ပုဒ်မ ၇၅
ပုဒ်မ ၇၅
ဘဏ်များ၏ ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အရာရှိချုပ်

(က) ဒါရိုက်တာအဖွဲ့သည် အောက်ဖော်ပြပါ ကော်မတီများအပါအဝင် သီးသန့်ရည်ရွယ်ချက်များဖြင့် ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ဖွဲ့စည်းနိုင်သည်-

(၁) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီ၊

(၂) ချေးငွေကော်မတီ၊

(၃) လစာချီးမြှင့်ရေးကော်မတီ၊

(၄) စာရင်းစစ်ကော်မတီ၊

(၅) ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေး ကော်မတီ။

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသည့် ကော်မတီနှင့် ဆပ်ကော်မတီတို့၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့် များနှင့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် လည်းကောင်း၊ ၎င်းတို့အဖွဲ့ဝင်များကို ပေးရမည့် လစာနှင့် ချီးမြှင့်ငွေများသည်လည်းကောင်း ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့်အတိုင်း ဖြစ်စေရ မည်။