ပုဒ်မ ၂၈၉
ပုဒ်မ ၂၈၉
တိရစ္ဆာန်နှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း

တိရစ္ဆာန်ကြောင့် လူ့အသက်ကို အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ သို့မဟုတ် အပြင်းအထန်နာကျင်ဖွယ် ရှိခြင်းမှ ကာကွယ်ရန်လုံလောက်အောင် လက်ရှိတိရစ္ဆာန်ကို နေရာတကျမထားဘဲ မည်သူမဆို သိလျက် နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်