ယာယီစောင့်ရှောက်ရေးဂေဟာ ဆိုသည်မှာ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို အမှုစုံစမ်းစစ်ဆေးဆဲကာလနှင့် ကလေးသူငယ်တရားရုံးတွင် စစ်ဆေးစီရင်ဆဲကာလတို့အတွင်း ယာယီ ထိန်းသိမ်းစောင့်ရှောက်ရန် ဤဥပဒေအရ တည်ထောင်ထားသော ဂေဟာကို ဆိုသည်။