ပုဒ်မ ၃ (မ)
ပုဒ်မ ၃ (မ)
ငွေစာရင်း

ငွေစာရင်း (Account) ဆိုသည်မှာ သတင်းပို့အဖွဲ့အစည်းတစ်ရပ်ရပ်၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆက်သွယ်ဆောင်ရွက်သူနှင့် သတင်းပို့အဖွဲ့အစည်းအကြား ထူထောင်ထားရှိသည့် စီးပွား ဆက်ဆံဆောင်ရွက်မှုကိုဆိုသည်။ ယင်းစကားရပ်တွင် တတိယပုဂ္ဂိုလ် သို့မဟုတ် တတိယကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက ၎င်းတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့ကိုယ်စား စီးပွားဆက်ဆံဆောင်ရွက်မှုများအတွက် တိုက်ရိုက်ဆက်သွယ်၍ပေးချေမှုကိုအသုံးပြုသည့် တစ်ဆင့်လက်ခံဘဏ်ငွေစာရင်းလည်း ပါဝင်သည်။