ပုဒ်မ ၂၇၉
ပုဒ်မ ၂၇၉
အများပြည်သူဆိုင်ရာ လမ်းတွင်အရမ်းမောင်းခြင်း သို့မဟုတ် အရမ်းစီးခြင်း

မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ဦးအား နာကျင်စေတန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ အများပြည်သူဆိုင်ရာလမ်းပေါ်၌ ယာဉ်ကိုမောင်းလျှင် သို့မဟုတ် စီးလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်