ပြစ်မှုကျူးလွန်ရာမှရရှိသည့်အကျိုးအမြတ် ဆိုသည်မှာ ငွေကြေးခဝါချမှုနှင့် သက်ဆိုင်သည့် ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ရာမှတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရရှိသည့်ငွေကြေးနှင့် ပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါငွေကြေးနှင့်ပစ္စည်းကိုအခြေပြု၍ အခြားသောပစ္စည်း သို့မဟုတ် စီးပွားရေး လုပ်ငန်းအဖြစ် အဆင့်ဆင့်လွှဲပြောင်းထားသည့် သို့မဟုတ် ပြောင်းလဲထားသည့် ငွေကြေး သို့မဟုတ် ပစ္စည်းလည်းပါဝင်သည်။