ပုဒ်မ ၃ (ဃ)
ပုဒ်မ ၃ (ဃ)
ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွား

ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွား ဆိုသည်မှာ ကလေးသူငယ်၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေး တို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ကလေး သူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှုအများဆုံးဖြစ်စေသည့် ကလေးသူငယ် အခွင့်အရေးများ ရရှိခံစားခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကလေးသူငယ်၏ အရေးကိစ္စများကို စီမံ ဆောင်ရွက်ရာတွင်လည်းကောင်း၊ကလေးသူငယ်ဆိုင်ရာမှုခင်းများကို စီရင်ဆုံးဖြတ်ရာတွင်လည်းကောင်း ကလေးသူငယ်၏ အကျိုးစီးပွားကို အဓိကဦးစားပေးဆောင်ရွက်ခြင်းလည်း ပါဝင်သည်။