ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်-
(က) ပုဒ်မ ၉ အရ သတ်မှတ်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ တစ်ခု၏ ဧရိယာတစ်ခု လုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အမျိုးအစားပြောင်းလဲသတ်မှတ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မ ၉ အရ တည်ထောင်ထားသည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်၏ ဧရိယာတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။