(က) ပုဒ်မ ၅၁ အရ ဦးစီးဌာနက စေ့စပ်ညှိနှိုင်းဆုံးဖြတ်ပေးချက်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည်-
(၁) ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါက ထိုဆုံးဖြတ်ချက် ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။
(၂) ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့် သက်ဆိုင်ခြင်းမရှိသည့် ကိစ္စဖြစ်ပါက မိမိ၏နစ်နာမှုအတွက် သက်သာခွင့်နှင့် အခွင့်အရေးများကို ရရှိရန်တည်ဆဲဥပဒေများအရ သက်ဆိုင်ရာတရားရုံးတွင် တောင်း ဆိုနိုင်သည်။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ အယူခံခြင်းအပေါ် ဝန်ကြီးဌာနသည်-
(၁) လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်။
(၂) ဦးစီးဌာန၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
(ဂ) ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ အယူခံခုံရုံးသို့ အယူခံနိုင်သည်။