ပုဒ်မ ၅၀၈
ပုဒ်မ ၅၀၈
သက်ဆိုင်ရာ ဘာသာအယူဝါဒအရ အပြစ်ရောက်မည်ဟု ယုံကြည်စေရန်သူတစ်ဦးအား သွေးဆောင်ခြင်း ဖြင့် ပြုလုပ်မှု

မည်သူမဆို မိမိကပြုလုပ်စေလိုသည့်အရာကို သူတစ်ဦးဦးက မပြုလုပ်လျှင် သို့မဟုတ် မိမိက မပြုလုပ်စေလိုသည့်အရာကို ထိုသူကပြုလုပ်လျှင် မိမိ၏ပြုလုပ်မှုတစ်ခုခုကြောင့် ထိုသူသော်လည်း ကောင်း၊ ထိုသူက အကျိုးလိုလားသူသော်လည်းကောင်း သက်ဆိုင်ရာဘာသာအယူဝါဒအရ အပြစ်ရောက် မည်ဟု ယုံကြည်စေရန် ထိုသူအား သွေးဆောင်ခြင်းဖြင့် သို့မဟုတ် ထိုသို့သွေးဆောင်ရန် အားထုတ်ခြင်း ဖြင့် ဥပဒေအရ ထိုသူပြုလုပ်ရန် တာဝန်မရှိသော ပြုလုပ်မှုကို ထိုသူအား မိမိအလိုအလျောက် ပြုလုပ် စေလျှင် သို့မဟုတ် ထိုသို့ပြုလုပ်စေရန် အားထုတ်လျှင် သို့မဟုတ် ဥပဒေအရ ထိုသူပြုလုပ်ပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ထိုသူအား မိမိအလိုအလျောက် ပျက်ကွက်စေလျှင် သို့မဟုတ် ထိုသို့ ပျက်ကွက်စေရန် အားထုတ်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ဥပမာများ

(က) * * * *

(ခ) * * * *

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် ရှိသည်။
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။