ပုဒ်မ ၂၆
ပုဒ်မ ၂၆
တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် တည်ထောင်လုပ်ကိုင်ခွင့်

ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် -

(က) ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ တည်ထောင်ထားသည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒ ဥယျာဉ်ကို နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ အစိုးရအဖွဲ့နှင့် အခြားမည်သည့် ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်စီးပွားရေးအဖွဲ့အစည်းကမဆို ဖက်စပ်လုပ်ကိုင်ရန်ဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတစ်ခုခုက လုပ်ကိုင်ရန်ဖြစ်စေ သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ လျှောက်ထားခြင်းကို စည်းကမ်းချက်များ သတ်မှတ်၍ခွင့်ပြုနိုင်သည်။

(ခ) ပုဂ္ဂလိကပိုင် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို တည်ထောင်လုပ်ကိုင်လို ကြောင်း သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ လျှောက်ထားခြင်းကို စည်းကမ်းချက်များ သတ်မှတ်၍ခွင့်ပြုနိုင်သည်။