ကလေးသူငယ်တိုင်းသည်-
(က) ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ ပညာသင်ယူမှုဆိုင်ရာ အခွင့်အရေးများ ရရှိစေရမည်။
(ခ) နိုင်ငံတော်က ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် အမျိုးသားပညာရေးဥပဒေနှင့်အညီ အခမဲ့ပညာသင်ယူခွင့်ရှိသည်။
(ဂ) တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများဖွံ့ဖြိုးရေးအတွက် သင်ယူစောင့်ထိန်းခွင့်ရှိသည်။