ပုဒ်မ ၁၄
ပုဒ်မ ၁၄
သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း

(က) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုက ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေး ဂေဟာကို တည်ထောင်ဖွင့်လှစ်ထားလျှင်ဖြစ်စေ၊ တည်ထောင်ဖွင့်လှစ်လိုလျှင်ဖြစ်စေ အသိအမှတ်ပြု လက်မှတ်ရရှိရန် လူမှုဝန်ထမ်းဦးစီးဌာနသို့ လျှောက်ထားရမည်။

(ခ) လူမှုဝန်ထမ်းဦးစီးဌာနသည်-

(၁) ပုဒ်မခွဲ(က)အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး ကိုက်ညီပါက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ကိုက်ညီမှုမရှိပါက လိုအပ်သည်များကို ပြုပြင်စေပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း ပြုရမည်။

(၂) ပုဒ်မခွဲငယ်(၁)အရ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့်အခါ စည်းကမ်းချက်များ သတ်မှတ် ပေးရမည်။ အကယ်၍ အဆိုပါစည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားအလို့ငှာ အသိအမှတ်ပြုလက်မှတ်ကို ဆက်လက်၍ ထုတ်ပေး သင့် မသင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(၃) အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားသော ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေး ဂေဟာကို သင့်လျော်သည့် နည်းပညာကျွမ်းကျင်မှုအကူအညီ ဖြည့်ဆည်းပေးရမည်။