ခိုးယူခြင်းဖြင့်သော်လည်းကောင်း၊ ခြောက်လှန့်တောင်းယူခြင်းဖြင့်သော်လည်းကောင်း၊ လုယက်ခြင်းဖြင့်သော်လည်းကောင်း လက်ပြောင်းသွားသောပစ္စည်း၊ ထို့ပြင် ရာဇဝတ်မကင်းသော အလွဲသုံးစားမှုပြုခြင်း ခံရသောပစ္စည်း သို့မဟုတ် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ကျူးလွန်ခြင်းခံရသော ပစ္စည်းကို လက်ပြောင်းခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်း သို့မဟုတ် ယုံကြည် အပ်နှံရေးဖောက်ဖျက်မှုကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ ကျူးလွန်ခြင်းခံရလျှင် ယင်းပစ္စည်းသည် “ခိုးရာပါ ပစ္စည်း” မည်၏။ သို့ရာတွင် ထိုပစ္စည်းသည် ဥပဒေအရ လက်ရှိဖြစ်ထိုက်သူ၏ လက်သို့ နောင်ပြန်လည်ရောက်ရှိသည့်အခါ ခိုးရာပါပစ္စည်းအဖြစ်မှ ရပ်စဲ၏။