ပုဒ်မ ၃၉၇
ပုဒ်မ ၃၉၇
သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ အားထုတ်မှုပါသော လုယက်မှု သို့မဟုတ် ဓားပြမှု

လုယက်မှုကိုဖြစ်စေ၊ ဓားပြမှုကိုဖြစ်စေ ကျူးလွန်သောအခါတွင် ပြစ်မှုကျူးလွန်သူသည် သူတစ်ဦးဦးကို အပြင်းအထန်နာကျင်စေလျှင် သို့မဟုတ် သူတစ်ဦးဦးကို သေစေရန်သော်လည်းကောင်း၊ အပြင်းအထန် နာကျင်စေရန်သော်လည်းကောင်း အားထုတ်လျှင် ထိုသူကို ချမှတ်သောထောင်ဒဏ်သည် ခုနစ်နှစ်အောက် မလျော့စေရ။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်.
  4. ကျေအေးခွင့် မရှိ

စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။