ပုဒ်မ ၄၁
ပုဒ်မ ၄၁
ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း

လုပ်ငန်းလိုင်စင်ရရှိသူသည် ကွန်ရက်အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ချိတ် ဆက်အသုံးပြုခြင်းပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာမြေနှင့် အဆောက်အအုံပိုင်ရှင် သို့မဟုတ် ယင်းမြေနှင့် အဆောက်အအုံကို စီမံခန့်ခွဲခွင့်ရှိသူနှင့် ညှိနှိုင်း၍ ကာလသတ်မှတ်ချက်ပါဝင်သော နှစ်ဦးနှစ် ဖက်သဘောတူညီချက်ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့်နေရာတွင် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) လုပ်ငန်းမြေနေရာမှာ သင့်လျော်မှု ရှိ မရှိ ရွေးချယ်ဆုံးဖြတ်နိုင်ရန်အလို့ငှာ ယင်းနေရာသို့ ဝင်ရောက်ခြင်း၊ စစ်ဆေးကြည့်ရှုခြင်း၊ တိုင်းတာခြင်း၊ အနိမ့်အမြင့်မှတ်တမ်းယူခြင်း၊ မြေနမူနာရယူခြင်း၊ ကျင်းတူးခြင်း၊ အပေါ်ယံမြေလွှာကို စစ်ဆေးခြင်းတို့ အပါအဝင် အခြားလိုအပ်သော ကိစ္စများကို ဆောင် ရွက်ခြင်း၊

(ခ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရန်အလို့ငှာ အဆိုပါ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်တွင် လိုအပ်သော ကွန်ရက်အထောက်အကူပြုပစ္စည်းများကို နေရာချထားခြင်း၊ ထားရှိခြင်း၊ တပ်ဆင်ခြင်း၊ ချိတ်ဆက်ခြင်းနှင့် ပစ္စည်းလုံခြုံရေးအတွက် ဆောင်ရွက် ခြင်း၊

(ဂ) ကွန်ရက်အထောက်အကူပြုပစ္စည်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ထိန်းသိမ်းထားရှိခြင်း နှင့် ပြုပြင်မွမ်းမံခြင်း။