ပုဒ်မ ၂
ပုဒ်မ ၂
အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

အောက်ပါကျူးလွန်မှုတစ်ရပ်ရပ်နှင့်သက်ဆိုင်သော ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်-

(က) မည်သူမဆို နိုင်ငံတော်အတွင်း ကျူးလွန်မှု၊

(ခ) မည်သူမဆို နိုင်ငံတော်၏တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ် တစ်ခုခုပေါ်တွင် ကျူးလွန်မှု၊

(ဂ) မြန်မာနိုင်ငံသားကဖြစ်စေ၊ နိုင်ငံတော်တွင် အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသားမှတ်ပုံတင် ကိုင်ဆောင် ထားသူကဖြစ်စေ၊ နိုင်ငံတော်တွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူကဖြစ်စေ ပြည်ပတွင် ကျူးလွန်မှု၊