ပုဒ်မ ၂၄၉
ပုဒ်မ ၂၄၉
ကွဲလွဲသော အမျိုးအစားအဖြစ်ဖြင့် သုံးစွဲနိုင်ရန်အကြံဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံဒင်္ဂါး အသွင်အပြင်ကို ပြောင်းလဲခြင်း

မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးတစ်ခုခုကိုကွဲလွဲသော ဒင်္ဂါးအမျိုးအစားအဖြစ်ဖြင့်် သုံးစွဲ နိုင်ရန် အကြံဖြင့်ဆိုခဲ့သောဒင်္ဂါး၏ အသွင်အပြင်ပြောင်းလဲအောင် ဆောင်ရွက်ချက်တစ်ခုခုကိုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။