ပုဒ်မ ၃၂၃
ပုဒ်မ ၃၂၃
မိမိအလိုအလျောက် နာကျင်စေမှုအတွက် ပြစ်ဒဏ်

မည်သူမဆို ပုဒ်မ ၃၃၄ ၌ ပြဋ္ဌာန်းထားသော အချက်မှတစ်ပါး သူတစ်ဦးအား မိမိအလိုအလျောက် နာကျင်စေလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ 
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4.  တရားလိုဘက် စစ်ဆေးဆဲ တရားရုံး၏ ခွင့်ပြုချက် ရလျှင် ကျေအေးခွင့် ရှိသည်။
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။