ပုဒ်မ ၁၃၄
ပုဒ်မ ၁၃၄
ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်များ

ဗဟိုဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်ရှိသည်-

(က) ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များကို စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း နှင့် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ရန်၊

(ခ) ဗဟိုဘဏ်တွင် ထိန်းသိမ်းထားသော ငွေချေးသက်သေခံလက်မှတ် စာရင်းများရှိ ငွေချေးသက်သေခံ လက်မှတ်များအား စာရင်းရှင်းလင်းရေး ဆောင်ရွက်ရန်၊

(ဂ) အများပြည်သူထံ ငွေကြေးဝန်ဆောင်မှုပေးသူများနှင့် အခြားငွေပေးချေမှု စာချုပ်စာတမ်းပုံစံဖြင့် ထုတ်ပေးသူများအား စည်းမျဉ်းများသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန်၊

(ဃ) အီလက်ထရောနစ်နည်းဖြင့် ချက်လက်မှတ်များတင်ပြခြင်းကို ဆောင်ရွက်ပေးရန်။