ဗဟိုဘဏ်သည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သော စည်းကမ်းချက်များ သတ်မှတ် နိုင်သည်-
(က) အုပ်ချုပ်မှုအတွက် လိုအပ်ချက်များ၊
(ခ) ပွင့်လင်းမြင်သာမှုနှင့် ထုတ်ဖော်ပြောဆိုရန် လိုအပ်ချက်များ၊
(ဂ) ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုရယူသူ အကာအကွယ်ပေးရေး ကိစ္စများ၊
(ဃ) အစီရင်ခံစာများတင်ပြခြင်းဆိုင်ရာ လိုအပ်ချက်များ၊
(င) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ကြပ်မတ်ကွပ်ကဲခြင်းဆိုင်ရာ ကိစ္စရပ်များ။