ပုဒ်မ ၂၉၀
ပုဒ်မ ၂၉၀
ပြဋ္ဌာန်းထားခြင်းမရှိသော အချက်တွင် အများပြည်သူဆိုင်ရာ နှောင့်ယှက်မှုအတွက် ပြစ်ဒဏ်

မည်သူမဆို ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်စီရင်ရန် ပြဋ္ဌာန်းထားခြင်း မရှိသည့်အချက်၌ အများ ပြည်သူဆိုင်ရာနှောင့်ယှက်မှုကို ကျူးလွန်လျှင် ထိုသူကို ကျပ်နှစ်သောင်းထိ ငွေဒဏ်ချမှတ်ရမည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်