(က) ဗဟိုဘဏ်သည် နိုင်ငံတော်တွင် အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ မိုဘိုင်းဘဏ် လုပ်ငန်းနှင့် အခြားအီလက်ထရောနစ် ဘဏ်လုပ်ငန်းများပါဝင်သော အီလက်ထရောနစ်ဘဏ် ဝန်ဆောင် မှုများအတွက် စနစ်များနှင့် လုပ်ထုံး လုပ်နည်းများ တည်ထောင်ဖွဲ့စည်းရေးအတွက် ခွင့်ပြုပေးနိုင်သည်။
(ခ) ဗဟိုဘဏ်သည် အောက်ပါတို့အတွက် လိုအပ်သောစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို ထုတ်ပြန် နိုင်သည်-
(၁) ငွေရေးကြေးရေးစျေးကွက် တည်ငြိမ်မှုကို အန္တရာယ်ရှိစေနိုင်သော သို့မဟုတ် ငွေပေးချေမှုစနစ်တွင် ယုံကြည်မှု လျော့နည်းစေနိုင်သည့် စနစ်ဆိုင်ရာဆုံးရှုံးနိုင်ခြေများနှင့် အခြားဆုံးရှုံးနိုင်ခြေများကို လျော့ နည်းပပျောက်စေရန်၊
(၂) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအား ၎င်းတို့၏ အခွင့်အရေးနှင့်တာဝန်များကို ပညာပေးရေး နှင့် အကာအကွယ်ပေးရေးအတွက် အဖွဲ့အစည်းများအား အားပေးတိုက်တွန်းရန်၊
(၃) အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများထံ အီလက်ထရောနစ်ဝန်ဆောင်မှုများမှတစ်ဆင့် ထိရောက်ပြီး ဆုံးရှုံးနိုင်ခြေနည်းပါးသည့် ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊
(၄) အဖွဲ့အစည်းများသည် အီလက်ထရောနစ် ဘဏ်ဝန်ဆောင်မှုများဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်စေရန်၊
(၅) အီလက်ထရောနစ် ဘဏ်ဝန်ဆောင်မှုများ ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် လုပ်ငန်းစဉ်များ သတ်မှတ်ရန်။