ပုဒ်မ ၄၆၆
ပုဒ်မ ၄၆၆
တရားရုံးမှတ်တမ်းကို သို့မဟုတ် အများပြည်သူဆိုင်ရာ စာရင်းစသည်တို့ကို လိမ်လည်အတုပြုမှု

မည်သူမဆို တရားရုံး၏မှတ်တမ်းကို သို့မဟုတ် အမှုတွဲကိုသော်လည်းကောင်း၊ ဖွားစာရင်း၊ ခရစ်ယာန်ဘာသာသွင်းစာရင်း၊ ထိမ်းမြားမင်္ဂလာစာရင်း သို့မဟုတ် မြေမြှုပ်သင်္ဂြိုဟ်စာရင်းတစ်ခုကို သို့မဟုတ် ထိုကဲ့သို့သော စာရင်းအနေနှင့် ပြည်သူ့ဝန်ထမ်းက ထိန်းသိမ်းထားသောစာရင်းကိုသော်လည်း ကောင်း၊ ပြည်သူ့ဝန်ထမ်းတစ်ဦးက မိမိ၏ ရာထူးအလျောက်ပြုလုပ်သော သက်သေခံလက်မှတ်ကို သို့မဟုတ် စာတမ်းအမှတ်အသားကိုသော်လည်းကောင်း၊ ကိုယ်စားတရားမမှု စွဲဆိုနိုင်ခွင့်ကို သို့မဟုတ် ချေပနိုင်ခွင့်ကိုသော်လည်း ကောင်း၊ ထိုတရားမမှု၌ မှုခင်းဆောင်ရွက်နိုင်ခွင့်ကိုသော်လည်းကောင်း၊ စွဲဆိုချက်အတိုင်း ဖြောင့်ဆိုနိုင်ခွင့်ကိုသော်လည်းကောင်း၊ ကိုယ်စား လှယ်လွှဲစာကိုသော်လည်းကောင်း လိမ်လည်အတုပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။