ပုဒ်မ ၃၆
ပုဒ်မ ၃၆
ဆိုက်ဘာအလွဲအသုံးပြုခြင်း

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခြင်းများမှအပ ဆိုက်ဘာအရင်းအမြစ်ကိုဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ဆောင်ရွက်နိုင်မှုကိုဖြစ်စေ ထိခိုက်စေရန် ခွင့်ပြုပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းသည် ဆိုက်ဘာအလွဲအသုံးပြုခြင်း ဖြစ်သည်-

(က) ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် သတင်းအချက်အလက်ကိုဖြစ်စေ၊ ယင်းတို့၏ အခြေအနေ သို့မဟုတ် အရည်အသွေးကိုဖြစ်စေ မရိုးမဖြောင့်သောသဘောဖြင့်ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(ခ) ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် သတင်းအချက်အလက်ကို ရောင်းချခြင်း၊ မူလနေရာမှ အခြားနေရာသို့ ဖြစ်စေ၊ အခြားဆိုက်ဘာအရင်းအမြစ် သို့မဟုတ် သိမ်းဆည်းနိုင်သည့် ပစ္စည်းတစ်ခုခုသို့ဖြစ်စေ မရိုးမဖြောင့်သောသဘောဖြင့် ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ကူးယူခြင်း၊

(ဂ) ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် အီလက်ထရောနစ်သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ရယူခြင်း၊ ဆောင်ရွက်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊

(ဃ) ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် အီလက်ထရောနစ် သတင်းအချက်အလက်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲစေခြင်း၊ စွမ်းဆောင်ရည် ထိခိုက်စေခြင်း သို့မဟုတ် မူလအနေအထားကို တစ်နည်းနည်းဖြင့် ပြောင်းလဲစေခြင်း၊

(င) ကွန်ပျူတာစနစ်ကိုဖြစ်စေ၊ ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် အီလက်ထရောနစ် သတင်းအချက်အလက်ကိုဖြစ်စေ ထိန်းချုပ်ခြင်း သို့မဟုတ် ချိတ်ဆက်ထိန်းချုပ်ခြင်း၊

(စ) ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ် သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ်ကို မရိုးမဖြောင့်သောသဘောဖြင့် အချက်အလက်ဆန်းစစ်ခြင်း။